ညောင်ဦးမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းခြင်းနှင့်အတူ မိုးစပါးများ စတင်ရိတ်သိမ်း
Dec 13,2022
ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ဧက (၁၈၀၇၃) ဧက စိုက်ပျိုးထားရှိရာ စပါးအထွက်နှုန်းမှန်ကန်ရေး စံကွက်အရွယ်အစားအလိုက် စုစုပေါင်းစံကွက် အရေအတွက် (၁၉၀) ကို ခရိုင်နှင့်မြို့နယ်အလိုက် ရိတ်သိမ်းလျက်ရှိရာ ယနေ့အထိ စံကွက်ပေါင်း (၇၇) ကွက် ရိတ်သိမ်းပြီးစီးခဲ့ကာ ဆက်လက်ရိတ်သိမ်းလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်ထံက သိရသည်။