အင်တော ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Women Clubနှင့် Youth Club အသင်းတို ့ပူးပေါင်း၍ စာရေးဆရာမြင်းခြံကျော်အောင်(ခ) သန်းထက်စံရေးသားထားသော “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်လှလှထွေးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်၊ စာအုပ်ပါအကြောင်းအရာနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရာစာပေချစ်မြတ်နိုးသူများ Book Club အသင်းဝင်ဒေါ်နွယ်နီအောင်၊ Women Club အဖွဲ့ဝင် ဒေါ်ခိုင်ဇင်ငြိမ်းနှင့် Youth Club အဖွဲ့ဝင်ဒေါ်ဝေဝေသင်းတို့က စာရေးဆရာ မြင်းခြံကျော်အောင် ရေးသားထားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ပါ အကြောင်းအရာများအနက်မှ ယဉ်ကျေး သိမ့်မွေခြင်းသည် ဓနဥစ္စာ၊ စိတ်၏ချမ်းသာခြင်းနှင့် ပင်ကိုစရိုက်လက္ခဏာ အကြောင်းအရာတို့ကို အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူများက အတွေးအမြင်များကို မိမိတို့ဘဝနှင့်ယှဉ်၍ အသိပညာဗဟုသုတ၊ အတွေ့အကြုံများဖြင့် ပေါင်းစပ်၍အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ခိုင်(ပြန်/ဆက်)