မင်းလှမြို့အ.ထ.က စိန်ကန့်လန့်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟော ပြောပွဲပြုလုပ်

မင်းလှ  ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လက်ဆက်အုပ်စု၊ စိန်ကန့်လန့်ကျေးရွာ၊ အ.ထ.ကစိန်ကန့်လန့်ကျောင်းတွင် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုရရှိစေရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ခိုင်ဝေငြိမ်းက အမှာစကားပြောကြား၍ လက်ပံတန်းမြို့နယ်၊ လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိဒေါ်အေးအေးသန်းက သက်ငယ်မုဒိမ်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေးခြင်းနှင့် အကြမ်းဖက်မှုအပေါ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သတ်၍ အသိပညာပေးဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်တရားသူကြီးဦးရဲမင်းထွန်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းအရာများနှင့် မြို့မရဲစခန်းမှူးဒုရဲမှူးဇော်မင်းနိုင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဝင်းရီနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများတတ်ရောက်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)