ရပ်စောက် ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ(မြို့နယ်အဆင့်) လူရွေးချယ်ပွဲကို ယနေ့နံနက် (၉)နာရီမှစတင်ကာ ညနေ ၃:၃၀ အချိန်အထိ မြို့နယ် အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၊ မိုးလုံလေလုံအားကစားခန်းမနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ရပ်စောက်) ကျောင်းဝန်းအတွင်းတို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဘောလုံးအားကစားနည်း လူရွေးချယ်ပွဲအတွက် ပဏာမအဆင့်လူရွေးချယ်ခြင်း၊ အပြီးသတ် လူရွေးချယ်ခြင်းများ ဆောင်ရွက်ပြီး ပြိုင်ပွဲများကို ယှဉ်ပြိုင်စေခဲ့သည်။
ဆက်လက်၍ အသက် ၁၈ နှစ်အောက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် အမျိုးသား/အမျိုးသမီး ဘောလီဘောပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်အားကစားနည်းအလိုက် လူရွေးချယ်ခြင်းနှင့် အကောင်းဆုံးကစားနိုင်သော ကျောင်းသား ကျောင်းသူများကို မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီး၍ အားကစားနည်းပြ ဆရာ၊ ဆရာမများက သတ်မှတ်စည်းကမ်းများနှင့် အညီစိစစ်ရွေးချယ်ကာ ခရိုင်အဆင့် ကျောင်းသားအားကစားပွဲတော်တွင် မြို့နယ်ကိုယ်စားပြုယှဉ်ပြိုင်နိုင်ရေးအတွက် ဆက်လက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)