ပေါက်ခေါင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကျင်းပ

ပေါက်ခေါင်း      ဒီဇင်ဘာ      ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများပြုလုပ်ရခြင်းနှင့်ပက်သက်၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတစာအုပ်စာစောင်များဖတ်ရှုလေ့လာနိုင်ရေး၊ ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်ပေါ်စေရေး၊ စာကြည့်တိုက်ရှိစာအုပ်စာစောင်များနှင့်ပိုမိုရင်းနှီး၍ သုတ၊ ရသစာအုပ်များငှားရမ်းဖတ်ရှုနိုင်သည့် အလေ့အထများရရှိစေရန်နှင့် အားလပ်သည့်အချိန်များတွင် ပြင်ပဗဟုသုတစာအုပ်များဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းနှင့် “လူငယ်နှင့်စာဖတ်ခြင်း” အကြောင်းအသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များကိုပြသရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကြည့်ရှုလေ့လာ မှတ်သားကြကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)