သတင်းများ

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအမ်းခရိုင် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 13,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင် တို့သည် ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီအချိန်က အမ်းခရိုင် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အိမ်မဲမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ရက်လွန်ဆေးဝါး၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေး
Dec 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် အတွင်းရှိဆေးဆိုင်များတွင် ရက်လွန် ဆေဝါး၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ ရောင်းချမှုရှိ၊ မရှိစစ်ဆေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့နံနက်ပိုင်းက စစ်ဆေးခဲ့သည်။
အမ်းမြို့နယ်၌ အပတ်စဥ်ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်
Dec 13,2022
ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ်၌ ကိုဗစ် -၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေ​ရေးအပတ်စဥ်ကြို တင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်ဇော်ထက် ဦးဆောင်မှုဖြင့် ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီအချိန်အမှတ် (၃)စျေးရပ်ကွက် အမ္မနဒီ မြို့မ စျေးရှေ့ လမ်းဆုံလမ်းမတွင် ပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 13,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေး စစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့်ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း၊ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်  ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ပုဂံမြို့  ရွှေတွင်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံ ပြည်သူလူထုနှင့်တွေ့ဆုံ၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Dec 13,2022
ရန်ကုန်တိုင်းဒေသကြီ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့က မြို့သစ်ရပ်ကွက် အ-မ-ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာရေးဆရာဒေါက်တာ ခင်မောင်ညို၏" လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များ ပူးပေါင်း၍ ယမန်နေ့ နေ့လည် ၂နာရီ အချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အထောင်မြို့ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းမှုရှိစေရေး ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်
Dec 13,2022
မီးဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ၊ စားရေရိက္ခာများ ဆုံးရှုံးမှု မရှိစေရေးနှင့် အမှိုက်ကင်းစင်၍ ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင် ဖြစ်စေရေးတို့အတွက် ဈေးမီးဘေးလုံခြုံရေးနှင့် သန့်ရှင်းမှုရှိစေရေး ကွင်းဆင်းစစ်ဆေး ခြင်းများကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့ စည်ပင်သာယာဈေး အတွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးလုပ်ငန်းများ  ကွင်းဆင်းဆောင်ရွက်
Dec 13,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းကျေးရွာ (၁၀) ရွာစီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လယ်ပိုင်းက ယင်းမူကုန်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။