တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တံတား   ဒီဇင်ဘာ    ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊  ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၂)ရပ်ကွက် အ.မ.က ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲနှင့်အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာအုပ်စာပေများကိုဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာပေသည်မိမိတို့၏ မိတ်ဆွေကောင်းများဖြစ်ကြောင်း၊ စာပေကိုချစ်မြတ်နိုးခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးကို ခံစားနိုင်မည်ဖြစ်ကြောင်း အသိပညာဗဟုသုတများ တိုးပွားလာစေရန် စာများများဖတ်ရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပိတ်ရက်တွင် စာကြည့်တိုက်သို့ လာရောက်ဌားရမ်းဖတ်ရှုကြရန်ဖိတ်ခေါ်ပါကြောင်း ပြောကြားပြီးနောက် လျှပ်စစ်အန္တရာယ်သတိပြုကာကွယ်နိုင်ရန် အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(တံတား)