ညောင်ဦးမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းခြင်းနှင့်အတူ မိုးစပါးများ စတင်ရိတ်သိမ်း

ညောင်ဦး  ဒီဇင်ဘာ  ၁၃

ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ဧက (၁၈၀၇၃) ဧက စိုက်ပျိုးထားရှိရာ စပါးအထွက်နှုန်းမှန်ကန်ရေး စံကွက်အရွယ်အစားအလိုက် စုစုပေါင်းစံကွက် အရေအတွက် (၁၉၀) ကို ခရိုင်နှင့်မြို့နယ်အလိုက် ရိတ်သိမ်းလျက်ရှိရာ ယနေ့အထိ စံကွက်ပေါင်း (၇၇) ကွက် ရိတ်သိမ်းပြီးစီးခဲ့ကာ ဆက်လက်ရိတ်သိမ်းလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်ထံက သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ခရိုင်အဆင့် မိုးစပါး (၁.၀၀) ဧကစံပြကွက် ရိတ်သိမ်းခြင်းကွင်းပြပွဲကို ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်အုပ်စု၊ ကန်တောကျေးရွာ တောင်သူဦးလှိုင်မင်း၏ ဆင်းသုခစပါးစိုက်ခင်းတွင် ကျင်းပရိတ်သိမ်း ဆောင်ရွက်ခဲ့ရာ (၁၀၈) တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။

အဆိုပါစံပြ ကွက်ရိတ်သိမ်းပွဲသို့ ညောင်ဦးခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ခ ရိုင်ဦးစီးမှူး ဦးကိုကိုနိုင်၊ ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ခရိုင်နှင့်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့နှင့် ခရိုင်မြို့နယ် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်း (၅၆) ဦး စံကွက်ရိတ်သိမ်းနေမှုများအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ