သတင်းများ

လိပ်သိုဒေသတွင် နနွင်းတက်များ ဆောလျင်စွာ စတင်တူးဖော်ရောင်းချ
Dec 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဒေသခံတောင်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသော်လည်း ယခင်နှစ်များက နနွင်းတက်များ ဈေးကောင်းရရှိခဲ့ကြ၍ ယခုနှစ်တွင် နနွင်းများကို တိုးချဲ့ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
စဉ့်ကူးမြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ
Dec 13,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ တွေ့ဆုံပွဲကို စဉ့်ကူးမြို့ အမှတ် (၂) ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကျင်းပ
Dec 13,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တပ်တောင်မြို့၌ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တပ်တောင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ (အထက) အားကစားကွင်း၌ ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ် အုတ်နှဲဘုတ်ကျေးရွာအနီးတွင် ဆောင်းခိုငှက်များ လာရောက်ကျက်စား
Dec 13,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာကန်၏ အနောက်ဘက်ကပ်လျက်တည်ရှိသော အုတ်နှဲဘုတ်ကျေးရွာတွင် နှစ်စဉ်လာရောက်နေကျဖြစ်ဆောင်းခိုငှက်များ လာရောက်ကျက်စားလျက်ရှိကြောင်း အဆိုပါကျေးရွာဒေသခံ ဦးသန်းကြိုင်ထံက  သိရသည်။
မြို့သစ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲဆောင်ရွက်
Dec 13,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲပြသဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ
Dec 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ဟိုခုံဘုန်းကြီးကျောင်း၌ သံဃာတော်များ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မိုင်းပန်တပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ
Dec 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်ခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာချုပ် မိုင်းပန်တပ်နယ်မှ မြို့မဈေးရှေ့တွင် ယနေ့နံနက် (၆)နာရီအချိန်က အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး ပေါက်ပင်ကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံ
Dec 13,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါက်ပင်ကျေးရွာအုပ်စုမှ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပေါက်ပင်ကျေးရွာဘုန်း​​​​ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။