ငရုတ်ကောင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
Dec 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီက ငရုတ်ကောင်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ လုံခြုံရေးကိစ္စရပ်များ၊ ဒေသလိုအပ်ချက်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးစရိတ်ချေး ငွေကိစ္စရပ်များ၊ ငရုတ်ကောင်းမြို့အား Clean City၊ Green City၊ Smart City ဖြစ်လာစေရေး အခြေအနေများအား ဆွေးနွေး ခဲ့ကြသည်။