ပင်လုံမြို့အမှတ်(၄) အခြေခံမူလတန်းကျောင်း၌ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပင်လုံ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ အမှတ်(၄) အခြေခံမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ ကျောင်းသားလူငယ်များအား အသိပညာပေး အကြောင်းအရာများ ဟောပြောခဲ့ပါသည်။ ယင်းနောက်​ ကျောင်းသားလူငယ်များကို စာဖတ်မှုစွမ်းရည်တိုးတက်လာစေရန် ပုံပြင်စာအုပ်များဖတ်ရှုစေခြင်း ပြုလုပ်ဆောင်ရွက်ပေးရာ ကျောင်းသား/ ကျောင်းသူလေးများမှ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဆရာ/ ဆရာမများနှင့် ကျောင်းသားလူငယ်များ စိတ်ဝင်စားသည့် စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)