ရွှေဘို ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ အ.လ.က(၁)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ၊ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင်၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းကမူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက်၊ မူးယစ်ဆေးအမျိုးအစားများနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနခရိုင် ဦးစီးမှူးဒေါ်ချောစုက သဘာဝဘေး ၉ မျိုးနှင့် ပတ်သက်၍ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရမည့်အချက်များ စောင်ရန်ရှောင်ရန် အချက်များကို ဟောပြောပြီး၊ လက်တွေ့သရုပ်ပြသခဲ့ကြောင်းနှင့် သဘာဝဘေးနှင့် ပတ်သက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အလယ်တန်း၊ အထက်တန်းကျောင်းသား/သူများဆရာ၊ ဆရာမများတက်ရောက်ခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း