မန်တုံ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် အခြေခံအထက်ကျောင်း၊ မန်တုံတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ချောချော နှင့်ဆရာ/ဆရာမများမှ စုပေါင်း၍ အန္တရာယ်ကင်းပရိတ်တရားနာနှင့် ဘုရားအနေဂဇာတင်ခြင်းကို ယနေ့နံနက်က အ.ထ.ကကျောင်း၊ ရွှေလီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အန္တရာယ်ကင်း ပရိတ်တရားနာနှင့် ဘုရားအနေဂဇာတင်ရာတွင် ပင့်ဖိတ်ထားသောဆရာတော်/ သံဃာတော်များနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ တရားနာ ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး မြို့လယ်ကျောင်း ဆရာတော်ဦးပဏ္ဍိတ ကဘုရားအနေဂဇာတင်ခြင်း အကျိုးများ၊ မင်္ဂလာတရားတော်နှင့် ဥပုဒ်သီလဆောင်တည်ရခြင်း အကျိုးများကိုဟောကြားခြင်း၊ အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ပညာရေးဝန်ထမ်းများမှ ဆရာတော်/သံဃာတော်များ အားလှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့အတွက် အမျှပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန်တုံ
ပြန်/ဆက်