ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

စစ်တွေ   ဒီဇင်ဘာ  ၁၃

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၅) ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ စုပေါင်းသွေးလှူ ဒါန်းပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့အထွေထွေရောဂါကု ဆေးရုံကြီး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မ တော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည့်ရှု အားပေးကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့်အစိုးရအဖွဲ့ဝင်များသည်သွေးလှူဒါန်းကြမည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများအား ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံးကြီးမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြင်းနှင့် သွေးလှူဒါန်းရန်လိုအပ်သည့် ကျန်းမာရေးစစ် ဆေးခြင်းများ ဆောင်ရွက်နေမှုအား လှည့်လည် ကြည့်ရှုကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  စုပေါင်းသွေးလှူဒါန်းနေမှုအား လှည့်လည် ကြည့်ရှုအားပေးကြပြီး သွေးလှူဒါန်းကြသည့် တပ်မတော်သားများ၊ ဌာနအသီးသီးမှဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင် များအား အာဟာဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကြသည်။

အဆိုပါသွေးလှူဒါန်းပွဲတွင် စစ်တွေတပ်နယ်မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနအသီးသီး ဝန်ထမ်း များ စုစုပေါင်း (၈၆) ဦးတို့က သွေးအမျိုးအစားမျိုးစုံ (၈၆) လုံးကို စုပေါင်း လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။

တင်ထွန်း (ပြန်/ဆက်)