မိုးကုတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး

မိုးကုတ်  ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးနိုင်ရန် အတွက် ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့မရပ်ကွက်၊ ဗိုလ်ကုန်းရပ်ရှိ မိုးလုံလေလုံ အားကစားခန်းမ၌ လည်းကောင်း၊ နေ့လယ် ၁ နာရီအချိန်က ရှောလိဝိုင်းရပ်ကွက်၊ ဘုရားတစ်ထောင် ဘုန်းတော်ကြီး ပညာရေးကျောင်း၌လည်းကောင်း၊ မွန်းလွဲ ၃ နာရီအချိန်က လယ်ဦးရပ်ကွက်၊ ရတနာသီရိ ဘုန်းကြီးကျောင်း၌ လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာအကြီးအကဲများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး တွေ့ဆုံပွဲများ၌ ဒေသခံပြည်သူ များအားဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံ တော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်()ရပ်နှင့် ဦးတည်ချက်များ၊ ယာဥ်စည်းကမ်း၊ လမ်းစည်း ကမ်းများ၊ ဧည့်စာရင်းများ မပျက်မကွက်တိုင်ကြားရန်ကိစ္စရပ်များ၊ ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးမည့် Proportional. Representative (PR)အား ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေးနှင့် မှတ်ပုံတင်ပြုလုပ်ခြင်း၊ အိမ်ထောင်စုပြုလုပ်ခြင်းတို့နှင့်စပ်လျဥ်းပြီး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ပြည်သူများမှ တင်ပြသော ရေချိုရရှိစေရေး၊ ရပ်ရွာအတွင်း လမ်းကောင်းမွန်စေရေး၊ လမ်းရရှိရေး၊ လျှပ်စစ်မီးရရှိစေရေး အသီးသီးတင်ပြမှုအပေါ်  သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကြည်ကြည်နွဲ့(ပြန်/ဆက်)