ဗိုလ်တထောင် ဒီဇင်ဘာ ၁၃
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် အစည်းအဝေးခန်းမတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် (၀၉း၂၀) နာရီတွင် တွေ့ဆုံပွဲပြုလုပ်ကြောင်းသိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က အမှာစကားပြောကြား ပြီး၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမ ကြီးဒေါက်တာနီလာမြင့်ထူးက ခရီးသွားလုပ်ငန်းနှင့်ဟိုတယ်ဝန်ဆောင် မှုစီမံခန့်ခွဲမှု ပညာသင်တန်းဖွင့်လှစ်နိုင်မှု အခြေအနေများနှင့် ပတ်သက် ၍ရှင်းလင်းတင်ပြသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများနှင့် ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှုစီမံခန့်ခွဲမှု ပညာသင်တန်းတက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦး ခန့်တက်ရောက်ကြောင်း သိရသည်။
မြတ်ဖူးခင် (ပြန်/ ဆက်)