ရွှေတောင် ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များက (ဆောင်းနေကြာ) စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များက ရွှေတောင်မြို့နယ် နွားမယံအုပ်စု၊ ကွင်းအမှတ် (၄၀၈)၊ ရွာဟောင်းကွင်းရှိတောင်သူ ဦးဌေးဝင်း၏ လယ်မြေ (၁၆.၀၁) ဧက တွင်ဆီထွက်သီးနှံ (ဆောင်းနေကြာ) စိုက်ပျိုးထားရှိမှုအခြေအနေ၊ မယားမာန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၇၈)၊ ရွာဂုံး - ၁ကွင်း ရှိတောင်သူ ဦးတင်ထွဋ်၏လယ်မြေ (၄.၁၂) ဧကတွင်ဆီထွက်သီးနှံ (ဆောင်းနေကြာ) သီးသန့်စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ဇယ်မကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၉၀)၊ ရေမျက်ကွင်းရှိ တောင်သူဒေါ်တင်မိုးသိန်း၏ လယ်မြေ (၇.၀၁) ဧကတွင် ဆီထွက်သီးနှံ (ဆောင်းနေကြာ) သီးသန့်စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် မြို့နယ် စိုက်/ ကြပ်အဖွဲ့ဝင်များမှ လိုက်ပါကွင်းဆင်း၍ မြို့နယ်အတွင်း နေကြာစိုက်ပျိုးပြီးစီးမှု လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က သတ်မှတ်ကာလအတွင်း လျာထားဧကပြည့်မှီစွာ အချိန်မှီစိုက်ပျိုးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)