တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေး

တန့်ယန်း ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် (၁)နှစ်ပြည့်ပြီးသည့် အခြေခံပညာကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ပေးကြသည်။

ထိုသို့ဆောင်ရွက်ပေးမှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးအမ်ဇော်နော်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်(၂)ဖြင့် အခြေခံပညာ ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးနေရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လုပ်ငန်းအခက်အခဲမရှိစေရန် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။                                          

မင်းလွင်ဦး(ပြန်/ဆက်)