ဘိုကလေးမြို့နယ်အတွင်းမှ ဇော်ကြားပန်း၊ ဇော်စိမ်းပန်းပင် စိုက်ပျိုးသူများ အပိုဝင်ငွေရရှိနေ
Dec 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သည် ရေလုပ်ငန်းနှင့်စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အဓိကအသက်မွေးဝမ်းကြောင်းပြုလျက်ရှိရာ စိုက်ပျိုးရေးကဏ္ဍတွင် လယ်ယာမြေများဖြင့် စပါးစိုက်ပျိုးခြင်းကို အဓိကထားဆောင်ရွက်ကြပြီး အပိုဝင်ငွေရရှိရေးအတွက် ဥယျာဉ်ခြံမြေများတွင် ဟင်းသီးဟင်းရွက်များနှင့် သစ်ပင်ပန်းမန်များ စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်ကြသည့်အနက်တွင် ဇော်ကြားပန်းနှင့် ဇော်စိမ်းပန်းပင် စိုက်ပျိုးသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိပြီး အပိုဝင်ငွေများ ရရှိလျက်ရှိသည်။