ရွှေပြည်သာ ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုအမှတ်(၆၅)နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀) နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း မြသရဖူခန်းမ၌ ကျင်းပခဲ့သည်၊
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးညွန့်နှင့် အမှတ်(၆၅)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူးဇော်ဇော်စိုးတို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/ သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မျိုးညွန်အမှတ် (၆၅) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူးဇော်ဇော်စိုး၊ ဌာနဆိုင်ရာများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ သူ(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ ဆက်)