ကျောက်တံတားမြို့နယ်တွင် ခရိုင်အဆင့် ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ​ မြို့နယ်အဆင့်လူရွေးချယ်ပွဲပြုလုပ်

ကျောက်တံတား ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၂–၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် လူရွေးချယ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျောက်တံတား  .ထ.ကကျောင်း၌  ပြုလုပ်ကြောင်း သိရသည်။

အဆိုပါခရိုင်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲအား တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေမြင့်မားရေး၊ ကျန်းမာကြံ့ခိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ပေါက်လာစေရေး၊ စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားအားကစားပွဲတော်တွင် အားကစားနည်း(၄)မျိုးပါဝင်ပြီး ပါဝင်ယှဉ်ပြိုင်ရန် လူရွေးချယ်ခြင်းကို မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီး၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများနှင့် ကာယဆရာ၊ ဆရာမများက အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီးဘော်လီဘော ပြိုင်ပွဲ၊ ပြေးခုန်ပစ်စသည့် အားကစားပြိုင်ပွဲတွင် မြို့နယ်ကိုယ်စားပြုအနေဖြင့် ဘောလုံးအားကစားပြိုင်ပွဲတွင် ကျား(၁၁)ဦး၊ မ(၁၁)ဦး၊ ဘော်လီဘောပြိုင်ပွဲတွင် ကျား(၆)ဦး၊ မ(၆)ဦး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကျား(၃)ဦး ၊ပြေးခုန်ပစ်ပြိုင်ပွဲတွင် ကျား(၇)ဦး၊ မ(၇)ဦး၊ စုစုပေါင်း (၅၁)ဦးရွေးချယ်ကာ ခရိုင်အဆင့် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းနှင့် ခရိုင်အဆင့် အားကစားပြိုင်ပွဲများအား ဘောလုံးပြိုင်ပွဲ(ကျား၊ မ)ကို အ.ထ.က(၁)၊ လမ်းမတော်၊ ဘော်လီဘောပြိုင်ပွဲ(ကျား၊ မ)ကို အ.ထ.က (၁)လသာ၊ခြင်းလုံးပြိုင်ပွဲကို အ.ထ.က(၄) အလုံ၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ (ကျား၊ မ)ကို ကျိုက္ကဆံကွင်းတို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှလှထွေး(ပြန်/ဆက်)