သတင်းများ

မက်မန်းမြို့၌ လမ်းညွှန်သင်္ကေတ၊ အညွှန်းဆိုင်းဘုတ်များ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး
Dec 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းခရိုင်အတွင်း လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် လမ်းညွှန်သင်္ကေတများ၊ အညွှန်းဆိုင်းဘုတ်များ ဆောင်ရွက်ထားရှိမှုကို ခရိုင်/မြို့နယ် လမ်းအန္တရာယ်ကင်းရှင်းရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များကသည် ယမန်နေ့ မွန်းလွဲ (၂)နာရီက မိုင်းပျဉ်း-မက်မန်းလမ်းပိုင်း မက်မန်းလမ်းနယ်သို့ ကွင်းဆင်း စစ်ဆေးခဲ့သည်။
ရွာငံမြို့၌ ၂၀၂၂ ခုနှစ်၊  အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပ​ဒေအ​ကြောင်း  ရှင်းလင်းခြင်း အခမ်းအနားပြုလုပ်
Dec 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၁ နာရီက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပ​ဒေအ​ကြောင်း ရှင်းလင်းခြင်းအခမ်းအနားပြုလုပ်ခဲ့ပါသည်။
ကွမ်းလုံမြို့၌ မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေး အသိပညာပေးဆွေးနွေးပွဲ Online Talk Show ရိုက်ကူးထုတ်လွင့်
Dec 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး အသိပညာပေးဆွေးနွေးပွဲ Online Talk Show ရိုက်ကူးထုတ်လွင့်ခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာနနှင့် ကိုးကန့်ယာဉ်ကျေးမှုအဖွဲ့တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငဖဲမြို့နယ် ဆုံကုန်းကျေးရွာ၌ ကွမ်းနုဝါစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ပြီး မိသားစုစီးပွားရေး အဆင်ပြေ
Dec 16,2022
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ဆုံကုန်းကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ မိမိတို့၏အိမ်ခြံမြေဝန်းအတွင်း တစ်ပိုင်တစ်နိုင် ဉယျာဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းဖြစ်သော ကွမ်းနုဝါပင်များနှင့် ခရမ်းချဉ် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း သိရသည်။ 
ကံမမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Dec 16,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက အဆိုပါအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးခင်ဦး၊ သမဝါယမဦးစီးဌာနမှ   ဒုတိယတိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် မြို့နယ် သမဝါယမအသင်းစုမှ အမှု ဆောင်များ၊ ရပ်ကွက် ကျေးရွာ သမဝါယမအသင်းများမှ အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
ထန်းတပင်မြို့ပေါ်ရှိဆေးအရောင်းဆိုင်များစံနှုန်းနှင့်မညီသော ဆေးများရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Dec 16,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ မြို့ပေါ်ရှိဆေးအရောင်းဆိုင်များအား စံနှုန်းနှင့်မညီသောဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်း မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်
Dec 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Dec 16,2022
 ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။