သတင်းများ

မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေး  လူငယ်စကားဝိုင်းကျင်းပ
Dec 16,2022
လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ မိုးနဲမြို့ အခြေခံပညာ အထက်တန်းကျောင်း ပုလဲဆောင်ခန်းမနေရာ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က လူငယ်စကားဝိုင်းကိုကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ၊ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ ကြောင်းသိရသည်။
စစ်တွေမြို့နယ်အတွင်းရှိ အသက်(၆၀)နှင့်အထက် အဘိုး၊ အဘွားများအား သွားနှင့်ခံတွင်းရောဂါ အခမဲ့ကြည့်ရှု စစ်ဆေးပေးမည်
Dec 16,2022
စစ်တွေမြို့ ခုတင် (၅၀၀) ဆံ့အထွေထွေရောဂါကု ဆေးရုံးကြီးမှ သွားအထူးကုဆရာဝန်ကြီးများက စစ်တွေမြို့နယ်အတွင်းရှိ အသက် (၆၀) နှင့် အထက် အဘိုး၊ အဘွားများအား ဒီဇင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့ (စနေနေ့နှင့် တနင်္ဂနွေများ) တွင် သွားနှင့်ခံတွင်းရောဂါ အခမဲ့ကြည့်ရှုစစ်ဆေးပေး မည်ဖြစ်ကြောင်း သိရသည်။
မျက်စိဝေဒနာရှင်များအတွက်  သီတဂူ ကေတုမတီ အာယုဒါနဆေးရုံကြီး၌ စက္ခုဒါန အလှူတော်ငွေများလှူဒါန်း
Dec 16,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်ကြီးတွင် မျက်စိဝေဒနာရှင်များအတွက် အလင်းရရှိစေရန် စက္ခုဒါနအလှူတော်ငွေများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါဆေးရုံတော်ကြီး၌ ကျင်းပသည်။
စလင်းမြို့နယ်အတွင်းရှိဓာတ်မြေသြဇာအရောင်းဆိုင်များအား မြင်းပျံအမှတ်တံဆိပ်အိပ်များအတွင်း အခြားဓာတ်မြေသြဇာများ ထည့်သွင်း၍ စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 16,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နှင့်ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက်ရှိသည့် ဓာတ်မြေသြဇာ အရောင်းဆိုင်များအား မြင်းပျံအမှတ်တံဆိပ်ပါအိတ် များအတွင်း အခြားဓာတ်မြေသြဇာများထည့်သွင်း၍ စျေးကွက်အတွင်း ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသက်ဆိုင်ရာဌာနများ လိုက်ပါကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ဂန့်ဂေါမြို့နယ်တွင် မွေးကင်းစမှစ၍ အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Dec 16,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်အတွင်းရှိ မွေးကင်းစမှစ၍ အသက်(၅)နှစ်အောက် ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတို့တွင် ထိုးနှံပေးလျက်ရှိသည်။               
သနပ်ပင်မြို့နယ်တွင် “မျောက်ကျောက်ရောဂါအကြောင်း” သိကောင်းစရာ အသိပညာပေး  Talk Show ဆောင်ရွက်
Dec 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် “မျောက်ကျောက်ရောဂါအကြောင်း” သိကောင်းစရာ အသိပညာပေး  Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
နားဖန်းကျေးရွာ၌ စေတီတော်တည်ထားကိုးကွယ်ရေးတွင် ပါဝင်လှူဒါန်းနိုင်
Dec 16,2022
ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းတောင့်တရာဖြစ်သော မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေး ရည်သန်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု၊ နားဖန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် အမှတ်(၂)ရပ်ကွက် ကြောမ်ကျိုက် ဆရာတော်ကြီး၏ မတည်လှူဒါန်းမှု၊ အလှူရှင်များ၏ ပေါင်းစုကောင်းမှုဖြင့် စေတီတော်ကို တည်ထားလျက်ရှိသည်။
ပေါင်းတည်မြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်
Dec 16,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ကယ်ဆယ်ဆယ်ရေး သဏ္ဍာန်တူ စုပေါင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီ က ကြူတောကန်အုပ်စု နတ်ပုတီးကျေးရွာတွင် ပြုလုပ်ကြသည်။