ကျောက်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ကျောက်ကြီး   ဒီဇင်ဘာ   ၁၆

 ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်အိအိမွန်က ကျောက်ကြီးမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့်ပတ်သက်ပြီး မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ယုယုလွင်က သဘာဝကြောင့်ဖြစ်တဲ့ဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်တဲ့ဘေးအန္တရာယ် နှစ်မျိုးရှိကြောင်း၊ မိမိတို့ဌာနအနေနှင့် သဘာဝဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးသွားသူများ၊ မြေမြုပ်မိုင်းကြောင့် အသက်သေဆုံးသူများ၊ ကိုယ်အင်္ဂါစွန့်လွှတ်လိုက်ရသူများအား လတ်တလောစားဝတ်နေရေးအဆင်ပြေသက်သာစေရန်ထောက်ပံ့ပေးခြင်းနှင့် သဘာဝဘေးတွေကြောင့် လူတွေရဲ့အသက်အိုးအိမ်များဆုံးရှုံးမှုမရှိအောင်၊ သဘာဝဘေးဖြစ်ခဲ့လျှင်လည်း ဆုံးရှုံးမှုသက်သာအောင် နည်းပါးအောင် စီမံဆောင်ရွက်ပေးခြင်းစသည့် ရည်ရွယ်ချက်နှစ်ရပ်ရှိပြီး၊ လုပ်ငန်းတာဝန်(၆)ရပ်ဖြင့် လူတွေ့ရဲ့ အသက်အိုးအိမ်တွေကို ကူညီကယ်တင်ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်(၉)မျိုးရှိကြောင်းနှင့် သဘာဝကြောင့်ဘေးအန္တရာယ်၊ လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး သိကောင်းစရာများအား ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်