မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်
Dec 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ မိမိတို့မြို့အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း BA.4 နှင့် BA.5 တို့သည် အစောပိုင်း အိုမီခရွန်မျိုးဗီဇပြောင်း ဗိုင်းရပ်စ်များထက် ပိုမိုကူးစက်မြန်ပြီး ကာကွယ်ဆေးများမှ ရောဂါကာကွယ်နိုင်စွမ်းကို ရှောင်လွှဲနိုင်သလို ယခင်ဗိုင်းရပ်စ်များထက်လည်း ပိုမိုကူးစက်လွယ် သောကြောင့် ရောဂါကူးစက်မှုမရှိစေရန်အတွက် အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ပြီးမှ ထွက်သည့် အလေ့အကျင့်ဖြစ်စေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရန် နှာခေါင်းစည်းများဖြန့်ဝေခြင်းကို နံနက်(၉)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။