ကွမ်းလုံ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး အသိပညာပေးဆွေးနွေးပွဲ Online Talk Show ရိုက်ကူးထုတ်လွင့်ခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာနနှင့် ကိုးကန့်ယာဉ်ကျေးမှုအဖွဲ့တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းနိုင်လင်းက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး အသိပညာပေးဆွေးနွေးပွဲ Online Talk Show ရိုက်ကူးထုတ်လွင့်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး ကွမ်းလုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးစောသန်းမြင့်က မြေပြင်ကွင်းဆင်းပြီး လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ကြီးကြပ်မှုကော်မတီဖွဲ့စည်းထားရှိမှုအခြေအနေများ၊ သင်တန်းပို့ချဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း လူမှုဝန်ထမ်းဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်က မသန်စွမ်း(၅)မျိုးနှင့် မသန်စွမ်းသူ၊ မသန်စွမ်းမှု(၂)မျိုးကိုလည်း ကောင်း၊ ကိုးကန့်ယာဉ်ကျေးမှုအဖွဲ့မှ လူငယ်ကိုယ်စားလှယ် မစန္ဒာမိုးက စာရင်းကောက်ယူရေးလုပ်ငန်းတွင် ဘာသာစကားအခက်အခဲများကြုံတွေ့လာပါက ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Talk Show ရိုက်ကူးထုတ်လွင့်ခြင်းလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများနှင့် ပြပွဲ/ပြိုင်ပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)