ဒဂုံ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာ က Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အနောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်ခင် က ဆီးချိုသွေးချိုရောဂါဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ကြိုတင်ကာကွယ်ကြရမည့် နည်းလမ်းများ၊ ရောဂါဖြစ်ပွားပါက နေထိုင်စားသောက်ရမည့် နည်းလမ်းများ စသည့် ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကြည်ဇေသော်