ကံမမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ကံမ ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက အဆိုပါအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးခင်ဦး၊ သမဝါယမဦးစီးဌာနမှ   ဒုတိယတိုင်းဦးစီးမှူးနှင့်  ဝန်ထမ်းများ၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် မြို့နယ် သမဝါယမအသင်းစုမှ အမှု ဆောင်များ၊ ရပ်ကွက် ကျေးရွာ သမဝါယမအသင်းများမှ အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် သဘာပတိ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအောင်တင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်း ဒေသကြီး ဒုတိယဦးစီးမှူး  ဒုတိယညွှန်ကြားရေးမှူးဦးမင်းဇော်နိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးခင်ဦးနှင့် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးစံကျော်ဝင်းတို့က  အမှာစကားပြောကြားကြပြီး ကံမမြို့နယ် သမဝါယမအသင်းစု၏ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများအား ဖတ်ကြားခြင်းနှင့် မြို့နယ်သမဝါယမအသင်းစု အသင်းစာရင်း စစ်အဖွဲ့၏ စာရင်းစစ် အစီရင်ခံစာအားဖတ်ကြားခြင်းတို့အား အမှုဆောင်အသီးသီးတို့က ဖတ်ကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်သမဝါယမအသင်းစု၏ လုပ်ငန်းအစီရင်ခံစာ၊  ဘဏ္ဍာရေး ရှင်းတမ်းနှင့် စာရင်း စစ်အစီရင်ခံစာများအား အတည်ပြုချက်ရယူခြင်းနှင့် အသင်း ရေရှည်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ရှေ့လုပ်ငန်းစဉ်များအပေါ် တက်ရောက်လာသော အမှုဆောင်များမှ  အကြံပြု ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ ကံမမြို့နယ် သမဝါယမအသင်းစု လီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးမှာ (၁.၁၀.၂၀၂၀ မှ ၃၀.၉.၂၀၂၁) နေ့ထိ (၁၂) လနှင့်  (၁.၁၀.၂၀၂၁) မှ ၃၁.၃.၂၀၂၂)ထိ (၆) လ၊ စုစုပေါင်း (၁၈)လအတွက်   ကျင်းပပြုလုပ်သည့်   အစည်းအဝေးဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)