မက်မန်း ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းခရိုင်အတွင်း လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် လမ်းညွှန်သင်္ကေတများ၊ အညွှန်းဆိုင်းဘုတ်များ ဆောင်ရွက်ထားရှိမှုကို ခရိုင်/မြို့နယ် လမ်းအန္တရာယ်ကင်းရှင်းရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များကသည် ယမန်နေ့ မွန်းလွဲ (၂)နာရီက မိုင်းပျဉ်း-မက်မန်းလမ်းပိုင်း မက်မန်းလမ်းနယ်သို့ ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်သောင်း ဦးဆောင်၍ မြို့နယ် လမ်းအန္တရာယ်ကင်းရှင်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့များဖြစ်ကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်ထွန်းနိုင်၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇင်လတ်နှင့် မြို့နယ်လမ်းဦးစီးဌာနမှူး ဦးမျိုးဝင်းတို့က မိုင်းပျဉ်း-မက်မန်းလမ်းပိုင်း မက်မန်းလမ်းနယ်အတွင်း လမ်းအန္တရာယ်ကင်းရှင်းရေး သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော လမ်းညွှန်သင်္ကေတဆိုင်းဘုတ်များနှင့် အညွှန်းဆိုင်းဘုတ်များအတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေကို စစ်ဆေးကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
မိုင်းပျဉ်း-မက်မန်းလမ်းပိုင်း မက်မန်းလမ်းနယ်သည် ဝေးလံခေါင်သီသော တောင်ပေါ်ဒေသဖြစ်သောကြောင့် အန္တရာယ်ကုန်းဆင်း၊ ကုန်းတက်များတွင် လမ်းညွှန်သင်္ကေတဆိုင်းဘုတ်များ ဆောင်ရွက်ထားရှိပေးခြင်းအားဖြင့် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် အရေးပါသောလုပ်ငန်းများဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနရုံးမှ သိရသည်။
စိုင်းရွှေအောင်(ခရိုင်၊ ပြန်/ဆက်)