ရွာငံမြို့၌ ၂၀၂၂ ခုနှစ်၊  အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပ​ဒေအ​ကြောင်း  ရှင်းလင်းခြင်း အခမ်းအနားပြုလုပ်

ရွာငံ ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၁ နာရီက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပ​ဒေအ​ကြောင်း ရှင်းလင်းခြင်းအခမ်းအနားပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးခင်​မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ဦးမှ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပ​ဒေပါ ပြဌာန်းချက်များအ​ကြောင်း Power Point ဖြင့် ရှင်းလင်း​တွေး​နွေးခြင်း၊ မြို့နယ်ဥပဒေအရာရှိဦးအောင်ဇော်ရှိန်းမှ ဥပ​ဒေပါပြစ်မှုနှင့် ပြစ်ဒဏ်များကိုလည်းကောင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်မှ ဥပ​ဒေအသစ်အရ အသင်းအဖွဲ့များ  ဆက်လက်​ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ ယင်းနောက်မြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားတွင် ဌာနဆိုင်ရာများ၊  အသင်းအဖွဲ့ တာဝန်ခံများ စုစုပေါင်းအင်အား( ၇၀ )ဦး တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

ပြည့်ဖြိုးသန့်