သတင်းများ

မောက်မယ်မြို့နယ်၌ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Dec 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများတို့ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ လူငယ်ရေးရာအသိပညာပေး Talk Show ဆောင်ရွက်
Dec 16,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ခဲ့သည်။
 အားကစားဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Dec 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ အားကစားဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လျာထားသည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း ဆွ
Dec 16,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းစီမံချက် အစည်းအဝေးကျင်းပ
Dec 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းစီမံချက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး(ကျိုင်းတုံ)တွင် ကျင်းပသည်။
မန်တုံမြို့နယ်တွင် (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေး
Dec 16,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်က မိခင်ကလေးဌာန ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပ‌ဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲပြုလုပ်
Dec 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပ‌ဒေအကြောင်းရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ပေး
Dec 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခြေခံပညာကျောင်းများတွင် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်း၊ ရုပ်ပုံပြ ပုံပြင်ပြောပြခြင်း၊ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းများကို  အပတ်စဉ် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။