သတင်းများ

ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သား လမ်း၌ ပျက်စီးနေသည့် လမ်းပိုင်းနေရာများအား ကျောက်ဆည်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ဆောင်ရွက်
Dec 17,2022
မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်းရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်း၌ ပျက်စီးနေသည့်လမ်းပိုင်းနေရာများအား ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီပြီတော့မည်ဖြစ်ကြောင်း သိရသည်။ 
လဟယ်မြို့တွင် (၇၅)နှစ်လွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ
Dec 17,2022
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အလယ်တန်း၊ အထက် တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ကဗျာ၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြောပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ခန်းမနှင့် လဟယ်(အထက)ကျောင်းတွင် ကျင်းပခဲ့သည်။
မိုးညှင်းမြို့နယ် ဘိုကုန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် (စိုက်ပျိုးရေး)ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ငွေကျပ်သိန်း(၂၀၀) ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်
Dec 17,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဘိုကုန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်လျက်ရှိသော (စိုက်ပျိုးရေး)ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ငွေကျပ်သိန်း(၂၀၀)ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ဘားအံမြို့တွင်  စားသုံးသူများဘေးကင်းရေးအတွက် ထုတ်ကုန်အရည်အသွေးတိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးသို့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်တက်ရောက်  
Dec 17,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စားသုံးသူများဘေးကင်းရေးအတွက် ထုတ်ကုန်အရည်အသွေး တိုးမြှင့်ရေးအလုပ်ရုံဆွေးနွေးကို ယမန်နေ့ နံနက်ပိုင်းက Hotel Perfect ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၃ ပညာသင်နှစ်ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ
Dec 17,2022
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်မှ မွန်လွဲ ၃ နာရီအထိ ၂၀၂၂-၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်အား ကျင်းပပြုလုပ်ရာအခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာ ကြီး ဦးနစောမှ မိန်ခွန်းပြောကြားပြီး မြို့နယ်ပညာရေးမှူး(ငြိမ်း) ဦးရှီးသီးမှ အမှာစကား​​ပြောကြားရာ ကျောင်းသား/ သူများအနေဖြင့်ဘက်ပေါင်းစုံမှ ထူးချွန်ထက်မြက်အောင်ကြိုးစားကြရန်နှင့် ဆရာ/မများအနေဖြင့်လည်း မြို့နယ်၊ခရိုင်၊တိုင်း၊နိုင်ငံအဆင့်ထိ တက်ရောက်ယှဥ်ပြိုင်နိုင်သော နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်ပေးနိုင်ရေးနှင့် မိမိတို့တာဂန်ထမ်းဆောင်နေစဥ်ကာလတွင် ပညာရေးအဆင့်မြင့်တင်နိုင်ရေးကိုလည်း ဆောင်ရွက်ပေးကြရန်မှာကြားသည်။
ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် "ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်း သိကောင်းစရာ" ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ
Dec 17,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် "ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏ “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ငါ့သရောက်မြို့ ဝက်လူးကျေးရွာ (အထက.ခွဲ) ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ခင်းကျင်းပြသ
Dec 17,2022
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင် ခင်းကျင်းပြသခြင်းကို ယနေ့ မွန်းလွဲ ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှမှဝန်ထမ်းများက ဝက်လူးကျေးရွာ (အထက.ခွဲ)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။