ငါ့သရောက်မြို့ ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင် ခင်းကျင်းပြသခြင်းကို ယနေ့ မွန်းလွဲ ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှမှဝန်ထမ်းများက ဝက်လူးကျေးရွာ (အထက.ခွဲ)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကလေးအလုပ်သမားပျောက်ရေး အသိပညာပေးဟောပြောခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးမှ ကလေးအလုပ်သမားပပျောက်ရေး ပထမ(၅)နှစ် စီမံချက်၊ ရည်မှန်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်ချက်(၃)ရပ်၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းအရာများ၊ တိုင်ဒေသကြီးအဆင့် ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှတ်တန်းဓာတ်ပုံများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအား ကျောင်းသား၊ ကျောင်းသူ များသိရှိနာလည်စေရန်ရည်ရွယ်ပြီး ဟောပြေားခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကိုလဲ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
P.W.A(ပြန်/ဆက်)