လေရှီး ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်မှ မွန်လွဲ ၃ နာရီအထိ ၂၀၂၂-၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်အား ကျင်းပပြုလုပ်ရာအခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာ ကြီး ဦးနစောမှ မိန်ခွန်းပြောကြားပြီး မြို့နယ်ပညာရေးမှူး(ငြိမ်း) ဦးရှီးသီးမှ အမှာစကားပြောကြားရာ ကျောင်းသား/ သူများအနေဖြင့်ဘက်ပေါင်းစုံမှ ထူးချွန်ထက်မြက်အောင်ကြိုးစားကြရန်နှင့် ဆရာ/မများအနေဖြင့်လည်း မြို့နယ်၊ ခရိုင်၊ တိုင်း၊ နိုင်ငံအဆင့်ထိ တက်ရောက်ယှဥ်ပြိုင်နိုင်သော နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်ပေးနိုင်ရေးနှင့် မိမိတို့တာဝန်ထမ်းဆောင်နေစဥ်ကာလတွင် ပညာရေးအဆင့်မြင့်တင်နိုင်ရေးကိုလည်း ဆောင်ရွက်ပေးကြရန်မှာကြားသည်။
ဆိုပါအခမ်းအနားတွင် မြို့နယ်အဆင့် ထူးချွန်ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် အထက်တန်းအဆင့်ဆုရကျောင်သား/ သူများ၊ အလယ်တန်းအထက်တန်း သင်္ချာထူးချွန်ပြိုင်ပွဲတွင် ဆုရကျောင်းသား၊ သူများ၊ စုံညီပွဲတော်အားကစားပြိုင်ပွဲ၊ အမျိုးသားအမျိုးသမီးဘောလီဘောပြိုင်ပွဲ၊ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အမျိုးသမီးထုပ်စဥ်းတိုးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကျားာ၊မလွန်ဆွဲ ပြိုင်ပွဲနှင့်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအထက်တန်းအဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ၊ ကျောင်းကျန်းမာရေး အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအထိမ်းအမှတ် ကာတွန်း၊ ပိုစတာ၊ပန်းချီ၊ စာစီစာကုံး စသည့်ပြိုင်ပွဲများတွင်ဆုရရှိသည့်ကျောင်းသား/ သူများအား ဆုများကိုအသီး သီးချီးမြင့်ပေးအပ်ပြီး ကျောင်းသား/သူများက အကတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
လေရှီး