သတင်းများ

တာချီလိတ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်  Township Sports Development Program (TSDP)  အားကစားပွဲတော် ဖွင့်လှစ်
Dec 17,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို လူမှုရေးဦးတည်ချက် ထားရှိဖော်ဆောင်လျက်ရှိပြီး အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဒီဇင်ဘာ(၁၇)ရက် မွန်းလွဲ(၁)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TownShip Sports Development Program) TSDP အားကစားပွဲတော်ဖွင့်ပွဲကို တာချီလိတ်မြို့၊ မြို့မအားကစားကွင်း၌ ကျင်းပသည်။
ထားဝယ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင် းအသိပညာပေးဟောပြောပွဲကျင်းပ
Dec 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအကြောင်း အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက  ထားဝယ်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူကြိုကျောင်း၌ကျင်းပခဲ့ကြောင်းသိရသည်။
ညောင်တုန်းမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး
Dec 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဝဲဒေါင့်ကျေးရွာအုပ်စု ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ဟိုပန်၌  ဒီဇင်ဘာအားကစားလ အပတ်စဉ်စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 17,2022
 ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်း ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၅ နာရီခွဲအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ဟိုပန်မြို့၊ လွတ်လပ်ရေးကျောက်တိုင်တွင် ပြုလုပ်ခဲ့သည်။
မိုးမိတ်မြို့နယ် တောင်ကိုင်းကျေးရွာ မူလတန်းကျောင်း၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြော
Dec 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို တောင်ကိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့  နေ့လည် ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊
မုဒုံမြို့၌  ရက်ကန်းနှင့်အသက်မွေးပညာလုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Dec 17,2022
မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့က ရက်ကန်းနှင့် အသက်မွေးပညာ လုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကိုကျင်းပခဲ့သည်။
သီပေါမြို့၌ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်
Dec 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့  အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀)နာရီက ပြုလုပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး
Dec 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ​အစိပ်တော်ကမံကျေးရွာအုပ်စု၊ တော်ကမံကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် မွန်းလွဲ(၁)နာရီတွင် တော်ကမယ်ကျေးရွာအုပ်စု၊ တော်ကမယ်ကျေးရွာ ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းတို့တွင်  ကျင်းပခဲ့သည်။