ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကဝ ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏ “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေး‌အေးသင်းက စာရေးဆရာမခင်စောတင့်၏ “ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်” စာအုပ်မှာ “မိမိကိုယ်ကိုကြင်နာဖို့ အချိန်ဖန်တီးပါ”ခေါင်းစဉ်တွင်ပါရှိသော ဒီနေ့ခေတ် လူတွေကို လေ့လာလိုက်ရင် သူတို့ခန္ဓာကိုယ်တွေနဲ့ စိတ်တွေကို ညင်ညင်သာသာနဲ့ကြင်နာဖို့၊ အချိန်ပေးဖို့မေ့နေကြတာကိုတွေ့ရကြောင်း၊ ဘယ်သူမဆိုစိတ်ဖိစီးမှု များလွန်းတဲ့အခါ ခန္ဓာကိုယ်ရောစိတ်ပါအနားယူဖို့၊ မိမိတို့ကိုယ်ကို မိမိတို့ညှာတာကြင်နာဖို့ လိုအပ်တာကြောင့် အချိန်ကလေးဖန်တီးယူသင့်ကြောင်း၊ မိမိတို့ကိုယ်ကို မိမိတို့ညင်ညင်သာသာဆက်ဆံမယ်ဆိုရင် မိမိတို့ဘဝတွေထဲကိုအကြင်နာတွေ၊ ဂရုဏာတွေ ခေါ်ဆောင်လာဖို့ လိုအပ်ချက်တွေကို နားလည်ပြီး ဂရုစိုက်ထားလာနိုင်မယ်ဆိုရင် ဘဝတွေကို အကန့်အသတ်မရှိတဲ့ မေတ္တာပါတဲ့စွမ်းအင်တွေနဲ့ ဖြည့်ဆည်းနိုင်တော့မှာဖြစ်ကြောင်း ဦးဆောင်ဆွေး‌နွေးကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)