ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သား လမ်း၌ ပျက်စီးနေသည့် လမ်းပိုင်းနေရာများအား ကျောက်ဆည်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ဆောင်ရွက်

ကျောက်ဆည်  ဒီဇင်ဘာ  ၁၇

မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်းရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်း၌ ပျက်စီးနေသည့်လမ်းပိုင်းနေရာများအား ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီပြီတော့မည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ပျက်စီးနေသည့် လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် (၁၈၁.၃၇၀)သန်းဖြင့် (၈.၈၅)ကီလိုမီတာမှ(၉.၀၅)ကီလိုမီတာအတွင်းရှိ လမ်းပိုင်းအရှည်(၀.၂) ကီလိုမီတာနှင့် (၁၁.၂၇)ကီလိုမီတာမှ(၁၂.၀၇)ကီလိုမီတာအတွင်းရှိ လမ်းပိုင်းအရှည် (၀.၈)ကီလိုမီတာ၊ လမ်းပိုင်း(၂)နေရာအား ပျက်စီးနေသည့် မူလအရှည်(၃.၆၆)မီတာအကျယ် ကတ္တရာမျက်နှာပြင်အား တူးထုတ်၍ (၅၀-၁၀၀)မီလီမီတာကျောက်များ ဖြည့်ခင်းကြိတ်ပေးခြင်းအပြင်မူလလမ်းအကျယ် (၃.၆၆)မီတာမှ(၅.၅)မီတာအကျယ် ရရှိစေရန်အတွက် လမ်းတစ်ဖက်လျင် (၁.၅၂)မီတာအကျယ်ယူ၍ (၅၀-၁၀၀)မီလီမီတာကျောက်များဖြင့် (၂၅၀)မီလီမီတာထု အခြေခံအလွှာခင်းပေးကာ အခြေခံအလွှာအဖြစ်(၇၅)မီလီမီတာအောက်ရှိ ကျောက်များဖြင့် (၆.၁)မီတာအကျယ် (၁၂၅)မီလီမီတာထု (၂)လွှာ ခင်းခြင်း၊ (၂၅-၅၀) မီလီမီတာ ကျောက်များဖြင့်(၅.၅)မီတာအကျယ် (၇၅)မီလီမီတာထု အပွန်းခံအလွှာ ခင်းပေးခြင်း၊ (၃၇.၅)မီလီမီတာထုအဝင် ကတ္တရာလောင်းခြင်းနှင့် ကတ္တရာရေပိတ်လွှာ လောင်းခြင်းများ ပြုလုပ်ပေးပြီး လမ်းပုခုံးသားအဖြစ် ဂျင်းကျောက်မြေနီခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်လမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦး ပြောပြ၍ သိရှိရသည်။

ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြား လူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာသယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)