ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် "ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်း သိကောင်းစရာ" ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် "ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ပြည်သူများ စာပေအသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ဦးဆောင်ပါဝင်ဆွေးနွေးသူ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက "ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်း သိကောင်းစရာ"  ခေါင်းစဉ်ဖြင့် ကလေးသူငယ်များ၏ အသက်အပိုင်းအခြားအလိုက် ရပိုင်ခွင့်နှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အခွင့်အရေးများ၊ အသက်ရှင်သန်မှုဆိုင်ရာ အခွင့်အရေးများ၊ ကလေးငယ်များနှင့် ပတ်သက်သည့် အခြေခံမူကြီး (၄)ရပ်၊ ကလေးသူငယ် အခွင့်အရေးများနှင့် စပ်လျဉ်းပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ပြည်သူများနှင့် ကျောင်းနေအရွယ်ကလေးများ စာပေအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ကောင်းစွာသိရှိနားလည်သိရှိပြီး စာဖတ်သူဦးရေ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Book Club အဖွဲ့တို့နှင့် ပူးပေါင်းပြီး ယခုကဲ့သို့ အသိပညာပေး (Talk Show ) ဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။     

လှိုင်ဝင်းလေး (ပြန်/ ဆက်)