သတင်းများ

တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ(အမျိုးသား)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Dec 17,2022
၂၀၂၂-ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအဖြစ် တံတားဦးမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာပေါင်းစုံ(အမျိုးသား)ဖူဆယ်လောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၂)နာရီက တံတားဦးမြို့ အားကစားခန်းမ၌ ကျင်းပကြောင်းသိရသည်။
မိုင်းယုမြို့၌ ခရစ္စမတ်အကြိုဖြင့် ကောင်းခြင်းမင်္ဂလာဆုတောင်းခြင်းနှင့် ဓမ္မတေးသီချင်းများ လိုက်လံသီဆို
Dec 17,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊  မိုင်းယုမြို့  နှစ်ခြင်းအသင်းတော်မိသားစုမှ ခရစ်တော်မွေးနေ့အကြို  ဂုဏ်ပြုသောအားဖြင့် ကောင်းခြင်းမင်္ဂလာ ဆုတောင်းခြင်းနှင့် ဓမ္မတေးသီချင်းများကို ယမန်နေ့ညပိုင်းက ဒေသတွင်းရှိ အရင်းနှီးသော မိတ်ဆွေများအိမ်သို့ လိုက်လံသီဆိုနေလျက်ရှိကြောင်းသိရသည်။
သဲကုန်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစိုက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Dec 17,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစိုက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးကုတ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း ထပ်တိုးဆောင်ရွက်မည့် ညောင်ထောက်ကျေးရွာအုပ်စု၊ နားယောကျေးရွာ ကော်မတီဝင်များအား သင်တန်းပို့ချ 
Dec 17,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္႑ာရေးနှစ်တွင် ထပ်တိုးဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းကို ညောင်ထောက်ကျေးရွာအုပ်စု၊ နားယောကျေးရွာ၌ ဆောင်ရွက်မည်ဖြစ်ရာ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေ ကျပ်(၁၀) သန်းအား ကျေးရွာတွင်လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာ ကော်မတီဝင်(၂)ဦးအား သင်တန်းပို့ချပေးခြင်းကို မိုးကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဒီဇင် ဘာလ ၁၂ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိသည်။
မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းဆောင်ရွက်
Dec 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ယူဆောင်ရွက်နေသည် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်များ ဆောင်ရွက်ခြင်းကို ယမန့်နေကစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာ၌ ဆောင်းနေကြာ စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Dec 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက် သီးနှံများ တိုးချဲ့စိုက်ပျိုးရန်အတွက်ရည်ရွယ်၍ ဒေသခံတောင်သူများ ပူးပေါင်းပါဝင်စိုက်ပျိုးသည့်  ဆောင်းနေကြာစိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက မိုင်းဖြတ်အုပ်စု၊ ဝမ်နောင်ကျေးရွာရှိ ကွင်းအမှတ်(၁၁)၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းလုံမြို့တွင် သတင်းရိုက်ကူးရေးသားနည်း သင်တန်းဖွင့်
Dec 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၈)နာရီခွဲအချိန်၌ သတင်းရိုက်ကူး‌ရေးသားနည်း သင်တန်းကို  ဖွင့်လှစ်လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ နှင့်ကော့သောင်းခရိုင်/ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကော့သောင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။