မြိတ်မြို့တွင် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Dec 17,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မျိုးဆက်သစ်အား ကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ အားကစားသမားအချင်းချင်း သွေးစည်းညီညွှတ်မှု၊ စိတ်ဓါတ်ကောင်းမွန်မှု၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာစေရန်အတွက် (၂၇၆၂)ခုနှစ် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်အားကစားခန်းမတွင် စတင်ကျင်းပသည်။