လဟယ် ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အလယ်တန်း၊ အထက် တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ကဗျာ၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြောပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ခန်းမနှင့် လဟယ်(အထက)ကျောင်းတွင် ကျင်းပခဲ့သည်။
ထိုသို့ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အကြိုပြိုင်ပွဲများ ကျင်းပရာတွင် အလယ်တန်း အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင်ကို လဟယ်မြို့ အထက်တန်းကျောင်းတွင်လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲကို လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community center ခန်းမတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်ဆက်)