သတင်းများ

ကျိုက်လတ်၌ ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ်စုပေါင်းလမ်းလျှောက် လေ့ကျင့်ခန်းများပြုလုပ်၍ ကံစမ်းမဲများဖောက်ပေး
Dec 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို စနေနေ့တိုင်းပြုလုပ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှု မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ယနေ့နံနက်(၅)နာရီက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲကို နောက်ဆုံးပတ်အနေဖြင့် စုပေါင်းလမ်းလျှောက် လေ့ကျင့်ခန်းများပြုလုပ်၍ ကံစမ်းမဲများ ဖောက်ပေးခဲ့ကြသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲ
Dec 31,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် မွန်ပြည်နယ်တွင် အများပြည်သူတစ်ရပ်လုံးပါဝင်သည့် ကိုယ်လက်လှုပ်ရှား အားကစားကို နေ့စဉ်ပုံမှန် လှုပ်ရှားဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲကို  ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒီဇင်ဘာအားကစားလ နောက်ဆုံးပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲသူများအား ဗလာမပါကံစမ်းမဲများဖွင့်ဖောက်ဆုချီးမြှင့်
Dec 31,2022
ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်၍ ကိုယ်စိတ်နှလုံးကျန်းမာရွှင်လန်းစေရန်ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ ပဉ္စမပတ်(နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲခန့်က ဘားအံမြို့၊ သီရိကွင်းရှေ့၌ ကျင်းပသည်။
ပုသိမ်ကွန်ပျူတာတက္ကသိုလ်၌ လူငယ်နှင့်စာပေစကားဝိုင်းကျင်းပ
Dec 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုသိမ်ကွန်ပျူတာ တက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်နှင့်စာပေစကားဝိုင်းကို ယနေ့၊ နေ့လည် ၁ နာရီအချိန်က ပုသိမ်ကွန်ပျူတာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလ စနေနေ့နောက်ဆုံးပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ
Dec 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် စနေနေ့နောက်ဆုံးအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲဆောင်ရွက်ခြင်းအား ယနေ့နံနက်(၅)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သမ္မာသမ္ဗုဒ္ဓမြို့ဦးစေတီတော်အထိ စုပေါင်းချီတက်လမ်းလျှောက်ခဲ့ကြသည်။
မိုင်းဖြတ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းစည်းဝေးကျင်းပ
Dec 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ​ပြုလုပ်ခဲ့​ကြောင်း သိရသည်။
ကြံခင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ(နောက်ဆုံးပတ်)ကျင်းပ
Dec 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ(နောက်ဆုံးပတ်)ကို ယနေ့နံနက်(၅)နာရီခွဲအချိန်က ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုရပ်သတ်မှတ်ဆင်နွှဲကျင်းပခဲ့သည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောင်ရတနာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Dec 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၁)ရပ်ကွက်၊ အောင်ရတနာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက်  ၈  နာရီက အဆိုပါလမ်းမုခ်ဦး‌ရှေ့တွင် ကျင်းပသည်။