Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သာကေတ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ
Jan 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲအဖြစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလားကို အသက် (၃၅)နှစ်အောက် ဌာနဆိုင်ရာ/ ရပ်ကွက်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲအား ဒီဇင်ဘာလ(၂၅)ရက်နေ့မှစ၍ ဌာနဆိုင်ရာ အသင်း(၃)သင်း၊ ရပ်ကွက်အသင်း (၁၃) သင်းတို့မှ (၄)အုပ်စုဖြင့် ပတ်လည်ပွဲများအား ယှဉ်ပြိုင်ခဲ့ကြရာ ယမန်နေ့နံနက် (၈:၀၀) နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ဗိုလ်လုပွဲအား ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းအမှတ်စဉ် (၄/၂၀၂၂)နှင့် (၅/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Jan 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၊အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက်(၉:၃၀)နာရီအချိန်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် (၄/၂၀၂၂)၊ (၅/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများ ကွင်းဆင်းပေးအပ်
Jan 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး ၊ရွက်ဖြန်းမြေသြဇာ နှင့်ယူရီးယားဓာတ်မြေသြဇာ၊ ကွန်ပေါင်းမြေသြဇာ)များကို ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စုနှင့် ကန်ဇွန်းခုံကျေး ရွာအုပ်စုတို့တွင် ကွင်းဆင်းပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဘားအံပညာရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Jan 01,2023
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘားအံပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဆွေနွေးပွဲ ကျင်းပ
Jan 01,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံဖိနပ်ချုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Jan 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံဖိနပ်ချုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအကြို လွိုင်လင်မြို့နယ်၊ ခဲလောင်းကျေးရွာ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း ဖွင့်ပွဲကျင်းပ
Jan 01,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့သည် လွိုင်လင်မြို့နယ်၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု ၊ခဲလောင်းကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို အဆိုပါကျေးရွာ ဂါလံ ၅၀၀၀ ဆံ့ ရေကန်အနီးတွင် ယမန်နေ့ နံနက်(၁၁)နာရီကကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသော မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေရှင်းလင်းပွဲ ကျင်းပ
Jan 01,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရေးဆွဲထုတ်ပြန်ထားသော ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို စိုက်ပျိုးရေးဝန်ထမ်းနှင့် စိုက်ပျိုးရေးအရောင်း ဆိုင်များမှ တောင်သူများထံသို့ နည်းပညာများကို လက်ဆင့်ကမ်းအသိပေးနိုင်ရန် ရည်ရွယ်၍ မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး ဥပဒေရှင်းလင်းပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်(၉:၀၀) နာရီက ရပ်စောက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ကျင်ပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17691
Page
17692
Page
17693
Page
17694
Current page
17695
Page
17696
Page
17697
Page
17698
Page
17699
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department