မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလ စနေနေ့နောက်ဆုံးပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

မော်လမြိုင်ကျွန်းမြို့   ဒီဇင်ဘာ   ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် စနေနေ့နောက်ဆုံးအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲဆောင်ရွက်ခြင်းအား ယနေ့နံနက်(၅)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သမ္မာသမ္ဗုဒ္ဓမြို့ဦးစေတီတော်အထိ စုပေါင်းချီတက်လမ်းလျှောက်ခဲ့ကြသည်။

အဆိုပါလူထုစု‌ပေါင်းလမ်းလျှောက်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်တာဝန်ရှိသူများ၊ မြို့နယ်နေပြည်သူများ ပါဝင်ချီတက်လမ်းလျှောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိဒေါ်နှင်းမိုးလှိုင်နှင့်ဝန်ထမ်းများမှ သွေးပူလေ့ကျင့်ခန်း၊ အကြောလျော့လေ့ကျင့်ခန်းနှင့် Physical Fitness Dance အစီအစဉ်များနှင့် မြို့မပြည်သူ့ဘောလုံးအားကစားကွင်းတွင် အားကစားပြိုင်ပွဲများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရဲကိုမောင်(ပြန်/ဆက်)