သတင်းများ

ဒဂုံမြို့နယ်တွင် ဒီဇင်ဘာအားကစားလ (နောက်ဆုံးအပတ် )လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Dec 31,2022
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် ယနေ့နံနက် ၅း၃၀ နာရီ အချိန်ကစ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ (နောက်ဆုံးအပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့၌ ဒီဇင်ဘာလူထုအားကစားလ ပဥ္စမပတ်တွင် စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ
Dec 31,2022
မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊    မင်းလှမြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ ပဉ္စမပတ်တွင် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲကပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။    
စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာနှင့် ထုံးကြီးကျေးရွာတို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ
Dec 31,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာအုပ်စု၊ တောင်အင်းကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာရှိ ငါးဆူတောင်စေတီဘုရားဝင်းအတွင်း ယမန်နေ့နံနက်(၉)နာရီကကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား (၄၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ 
မိုင်းခတ်မြို့နယ်၌ ဒီဇင်ဘာလနောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အကြောလျော့လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်
Dec 31,2022
၂၀၂၂ ခုနှစ် ဒီဇင်ဘာ အားကစားလ၊ လူထုအားကစားလှုပ်ရှားမှု အနေဖြင့် (နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်း ၅ နာရီခွဲ အချိန်က ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဒီဇင်ဘာအားကစားလ နောက်ဆုံးအပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲ  စည်ကားသိုက်မြိုက်စွာဆင်နွဲ
Dec 31,2022
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍  မြို့နယ်အားကစားနှင့်ကာယပညာဦးစီဌာနက ဦးဆောင်ကာ တစ်မျိူးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် စုပေါင်းလူထုအား ကစားလ စုပေါင်းလမ်းလျှောက်ပွဲကို  ယနေ့ နံနက် ၅ နာရီက မြို့မနာရီ စင်ခွဆုံစုရပ်မှ စတင်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၁၁၀၀)ဦးခန့်  တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ဗဟန်းမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာ Campaign ဆောင်ရွက်
Dec 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စတေကာ Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ဗဟန်းမြို့နယ်အတွင်းရှိ လမ်မကြီးများ၊ မီးပွိုင့်များ၊ မှတ်တိုင်များ၊ တံတား‌အောက်များတွင် ဖြတ်သန်းသွားလာ ရပ်နားလျက်ရှိသော မော်တော်ယာဉ်များတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာကပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
အလုံမြို့နယ်တွင် ဒီဇင်ဘာလ(စတုတ္ထပတ်) လူထုအားကစားလအတွင်း စုပေါင်းလမ်းလျှောက်ခြင်းနှင့် ကိယ်ခန္ဓာကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်
Dec 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဒီဇင်ဘာလ(ပဥ္စမပတ်) စုပေါင်းလမ်းလျှောက်ခြင်းနှင့် ကိုယ်ခန္ဓာကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၅)နာရီ အချိန်က ဆောင်ရွက်ကြောင်းသိရသည်။
ကန့်ဘလူမြို့၌ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပဥ္စမပတ်ကျင်းပ
Dec 31,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဒီဇင်ဘာအားကစားလ ပြည်သူများ ကြံ့ခိုင်ကျန်းမာစေရေးအတွက် ယနေ့နံနက် ၅ နာရီ ခွဲက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲကို တပျော်တပါး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။