ပုသိမ်ကွန်ပျူတာတက္ကသိုလ်၌ လူငယ်နှင့်စာပေစကားဝိုင်းကျင်းပ

ပုသိမ် ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုသိမ်ကွန်ပျူတာ တက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်နှင့်စာပေစကားဝိုင်းကို ယနေ့၊ နေ့လည် ၁ နာရီအချိန်က ပုသိမ်ကွန်ပျူတာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်ယဥ်ဆွေဝင်းနှင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းအုပ်ကြီး ဒေါက်တာထွန်းမင်းနိုင်တို့က အဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပုသိမ်ခရိုင် လက်ထောက်ညွှန်ကြား ရေးမှူး ဦးဝင်းရှိန်က လူငယ်နှင့်စာပေစကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် လူငယ်နှင်စာပေစကားဝိုင်းကို ကျင်းပရာ ကွန်ပျူတာတက္ကသိုလ်မှ မောင်ဝေဖြိုးအောင်က လူငယ်နှင့်၂၁ရာစုစိန်ခေါ်မှုများ၊မသင်းနုဇင်က လူငယ်နှင့်စာပေ၊ မောင်ဝေဖြိုးမာန်က မြန်မာစာပေသမိုင်း၊ မချိုပြုံးက လူငယ်နှင့်ရသစာပေ၊ မောင်ဇော်ဇင်ထွန်းက လူမှုပတ်ဝန်းကျင်တွင် ကျား၊မတန်းတူအခွင့်အရေး ရရှိရေး၊ မမေချစ်ဆုဝေက ရသစာပေ စသည့်ခေါင်းစဥ်များဖြင့်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ သူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြကြောင်းနှင့် လူငယ်နှင့်စာပေစကားဝိုင်းသို့ ကွန်ပျူတာတက္ကသိုလ်မှ ဆရာ/ မများနှင့် ကျောင်းသား/ သူများ စုစုပေါင်း (၂၄၇) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်