သတင်းများ

သာပေါင်းမြို့နယ် Cleen City,Green City, Smart City ဖြစ်လာစေရန် ဆောင်ရွက်ထားမှုကို လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကြည့်ရှုစစ်ဆေး
Jan 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် Clean City,Green City,Smart City ဖြစ်လာစေရန်‌ ဆောင်ရွက်ထားရှိမှု အခြေအနေများအား လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့် ဦးဆောင်သော ပူးပေါင်းအဖွဲ့များမှ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရောက်ရှိလာခဲ့ကြပြီး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကျောင်းကုန်းမြို့၌ သိန်း (၈) ထောင်ကျော်တန် တိုးချဲ့နှစ်ထပ်လူနာဆောင် ရေစက်ချ လှုဒါန်း
Jan 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း အသစ်ဆောက်လုပ်လှူဒါန်းသော တိုးချဲ့နှစ်ထပ်လူနာ‌ဆောင် ဘုရားအနေကဇာတင်နှင့် ရေစက်ချ အလှူမင်္ဂလာကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က အဆိုပါ တိုးချဲ့လူနာဆောင် ဖြစ်သည့် "ဦးတွမ်ကြီး+ဒေါ်ကျင်ရှိန်"‌ ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
မူလတန်းကြိုကျောင်း အမှတ် (၁) ဗဟန်းတွင် ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Jan 01,2023
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတောင်ကြား(၂)ရပ်ကွက် ကမ္ဘောဇလမ်းရှိ မူလတန်း‌ကြိုကျောင်း အမှတ်(၁) ဗဟန်းတွင် ယနေ့နံနက်က ကျောင်းတွင်းကာယ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို  ကျင်းပခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မော်တော်ယာဉ်များအား Sticker ကပ်ခြင်း ဆောင်ရွက်
Jan 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ကျွန်းတော(မြောက်)ရပ်ကွက် ကျွန်းတောလမ်းနှင့်မကြီးကြီး လမ်းထောင့်တွင်   ယမန်နေ့နံနက်(၈)နာရီအချိန်က  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မော်တော်ယာဉ်များအား Sticker  ကပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ပုဂံဒေသ၏ နေဝင်ချိန် နေဝင်ဆည်းဆာကြည့်ရှုရန် နေဝင်ဆည်းဆာကြည့် တောင်ကုန်းများတွင် ကြည့်ရှုသူများပြား
Jan 01,2023
နှစ်သစ်ကူးရုံးပိတ်ရက် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်ဘုရား၊ ပုထိုးများ၊ သမိုင်းဝင်သာသနိက အဆောက်အအုံများတွင် လာရောက်လေ့လာသူ၊ ဘုရားဖူးသူများပြားနေကြောင်းနှင့် ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် နေဝင်ဆည်းဆာကြည့် တောင်ကုန်းတုများပေါ်တွင် ပုဂံနေဝင်ဆည်းဆာကြည့်ရှုရန် တောင်ကုန်းများပေါ်သို့ လာရောက်သူများပြားလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
နှစ်သစ်ကူးရုံးပိတ်ရက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရား ခရီးသွားလာရောက်မှု များပြား
Jan 01,2023
နှစ်သစ်ကူးရုံးပိတ်ရက် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာ ပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသည့် ပြည်တွင်းခရီးသွားများ များပြားခဲ့ကြောင်း ထီးလိုမင်းလိုဘုရားကြီး ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးတင်လှဦးထံက သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အုတ်တွင်းမြို့နယ် ဌာနဆိုင်ရာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပ
Jan 01,2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အုတ်တွင်းမြို့နယ် ဌာနဆိုင်ရာပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
မြဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Jan 01,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတား(Cargo)ဘက်ခြမ်းတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ကြီးကြပ်ကွပ်ကဲမှု လက်အောက်ရှိ မြဝတီမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံး(ကာယ-ဉာဏ)၀န်ထမ်းများ၏ ဘော်လီဘောနှင့်ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ကျင်းပကြောင်း သိရသည်။