သတင်းများ

ဒေါပုံမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် Sticker Campaign ဆောင်ရွက်
Jan 01,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ လမ်းညွှန်မှုဖြင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို Sticker Campaign ကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်သွားလာနေကြသည့် မော်တော်ကားများတွင် ကပ်ပေးခြင်းများကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာ ဌာနဆိုင်ရာ ပေါင်းစုံ အလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ဖွင့်ပွဲကျင်းပ
Jan 01,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်  ရပ်ကွက်/ကျေးရွာ ဌာနဆိုင်ရာ ပေါင်းစုံအလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲ များ ဖွင့်ပွဲ ကျင်းပခြင်းကို ယနေ့ နံနက်(၈)နာရီက ခရိုင်ဘောလုံးကွင်းအတွင်းရှိ တေဇအားကစား ခန်းမ၌ ကျင်းပခဲ့သည်။
တပ်ကုန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်
Jan 01,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ  အကြိုဗိုလ်လုပွဲ ပထမနေ့ပွဲစဉ်ကို ယမန်နေ့ မွန်းလွဲ ၃နာရီခွဲက မြို့နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့(အကြို)အထိမ်းအမှတ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ
Jan 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်၁၁နာရီမိနစ်၃၀က တွံတေးမြို့ အောင်ဆန်းသူရိယအေးချို မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jan 01,2023
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် ပါတီဖြတ်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
စလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Jan 01,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်‌နေ့ နံနက် ၈ နာရီ အချိန်က စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိန်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Jan 01,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိန်းအ မှတ် အားကစားပြိုင်ပွဲများကို မင်းဘူးခရိုင် အားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဘုရားပွဲတော် ကာလအတွင်း ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းမှ ဆင်လိမ္မာလေးများ၏ ကပြဖျော်ဖြေ ဧည့်ခံသည့်အစီအစဉ်များဖြင့် ဝန်ဆောင်မှုပေးထား
Jan 01,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ယခုနှစ် ထူးခြားမှု တစ်ရပ်အနေနဲ့ ဆင်လိမ္မာလေးများ၏ ကပြဖျော်ဖြေ ဧည့်ခံသည့် အစီအစဉ်များဖြင့် ဆင်စခန်းတွင် လာရောက်အပန်းဖြေ ကြည့်ရှုကြသည့် ဧည့်ပရိတ်သတ်များအား ဝန်ဆောင်မှု ပေးသွားမှာဖြစ်ကြောင်း ရွှေစက်တော်  မန်းချောင်းအပန်းဖြေ ဆင်စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာ ဦးထက်နိုင်အောင်ထံမှ သိရသည်။