သတင်းများ

ကျိုက်ထိုမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် အားကစားပြိုင်ပွဲများပြုလုပ်
Dec 31,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေးကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ပြိုင်ပွဲအမျိုးအစားများအလိုက် မြို့နယ်အောင်ဆန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မကွေးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ
Dec 31,2022
မကွေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မကွေးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က မကွေးပညာရေးဒီဂရီကောလိပ်အခန်းအနားတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘော်လီဘောပြိုင်ကျင်းပ
Dec 31,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားအမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို  ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီက ရမည်းသင်းမြို့အောင်မင်္ဂလာရပ်ကွက်ရှိ မီးရထားဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။
မင်္ဂလာဒုံမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (ဒုတိယအကြိမ်)မြောက် မြန်မာ့နွားသိုးအလှပြိုင်ပွဲနှင့်သိုး၊ ဆိတ်ပြိုင်ပွဲအခမ်းအနား ကျင်းပ
Dec 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအတွင်းရှိ ပျဉ်းမပင်ခြံဝန်းအတွင်း၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြန်မာ့နွားသိုးအလှ၊ အသားတိုးနွား၊ နို့စားနွား၊ သိုးအလှနှင့်ဆိတ်အလှပြိုင်ပွဲများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (ဒုတိယအကြိမ်)မြောက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ် ကျေးရွာဒေသများတွင် သက်မွေးဝမ်းကျောင်းပညာများဖြင့် မိသားစုဝင်ငွေများရရှိရေး သင်တန်းများပို့ချ
Dec 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် သက်မွေးဝမ်းကျောင်းပညာများ ဒေသတွင်းကျွမ်းကျင်သည့်ပညာဖြင့် မိသားစုဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ယမန်နေ့နံနက်(၁၀)နာရီက အုန်းနှဲစံပြကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစန်းမြင့် နေအိမ်၌ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ဆပ်ကော်မတီနှင့် ဟင်္သာရွှေမြေတိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်းတို့ ပူးပေါင်း၍ သက်မွေးဝမ်းကျောင်း သင်တန်းများကို ပြုလုပ်ပေးခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။
အောင်လံမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
Dec 31,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆောင်ရွက်ခဲ့သည်။
ကဝမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြို‌ဆိုသောအားဖြင့် ပေါက်ကုန်းကျေးရွာတွင် လမ်းဖွင့်ပွဲကျင်းပ
Dec 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပေါက်ကုန်းကျေးရွာတွင် လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါလမ်း၌ ကျင်းပခဲ့သည်။
တနင်္သာရီမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်း
Dec 31,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်မီးဘေးကြိုတင် ကာကွယ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။