ကြံခင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ(နောက်ဆုံးပတ်)ကျင်းပ

ကြံခင်း   ဒီဇင်ဘာ  ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ(နောက်ဆုံးပတ်)ကို ယနေ့နံနက်(၅)နာရီခွဲအချိန်က ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုရပ်သတ်မှတ်ဆင်နွှဲကျင်းပခဲ့သည်။

အဆိုပါလူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူလူထုအင်အား(၃၀၀)ခန့်တို့က ဘုရားကြီးလမ်း၊ လမ်းမတော်လမ်း၊ ဗိုလ်ချုပ်လမ်းတစ်လျှောက်မှ မြို့နယ်ပြည်သူ့အားကစားကွင်းသို့ ပျော်ရွှင်စွာလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲကြောင်းနှင့်  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန. နည်းစနစ်မှူးဒေါ်ခင်မိုးဝါဦးဆောင်ပြီး အကြောလျှော့လေ့ကျင့်ခန်းနှင့် Fitness Dance လေ့ကျင့်ခန်းများပြုလုပ်ကြကြောင်း သိရသည်။

ကြံခင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလလူထုစုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်းကျင်းပခဲ့ရာ ယနေ့နံနက်တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲ(နောက်ဆုံးပတ်)ဆင်နွှဲကျင်းပခြင်းဖြစ်ကြောင်း  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)